ကရင့်ခေါင်းဆောင် ကော်ခိုစောဘဦးကြီး၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဘဲဂရက်ကျေးရွာတွင် (၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့ကျင်းပခြင်းကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က တားမြစ်မှုပြုလုပ်သည်ဟု သိရသည်။
(၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့ ဖြစ်သည့် ယနေ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဘဲဂရက်ကျေးရွာမှ ပြည်သူများက လွမ်းသူ့ပန်းခွေချခြင်း ၊ ကရင်အာဇာနည်များအား ဂါရဝပြုခြင်း၊ အလေးပြုခြင်းများ မပြုလုပ်ရန် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဘဲဂရက်ရွာအဝင်တွင် နံနက် (၅)နာရီကတည်းက လမ်းပိတ်၍တားမြစ်နေခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
ဓါတ်ပုံ - ဧရာဝတီကရင်လူငယ်များ