ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့ ည (၈)နာရီဝန်းကျင်က မုန့်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ပေါက်ကွဲသံကြားရပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်နှင့်အတူ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲများလည်းရောက်လာပြီး ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် မုန့်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသူဖြစ်ပြီး ၎င်းအားလက်မခံသဖြင့် ရပ်ကွက်နေပြည်သူများက ဖေဖေါ်ဝါရီလအတွင်းက သံပုံးတီးနှင်ထုတ်ခြင်းခံရသူဖြစ်သည်။
Photo: CJ