အာဏာသိမ်းခံရပြီးနောက်ပိုင်း မြို့လှပရေး မလုပ်ဆောင်နိုင်တော့သည့် တောင်ကြီးမြို့၏ မြင်ကွင်း
************
ရှမ်းပြည်နယ်၏ အလှပဆုံး နှင့် အသန့်ရှင်းဆုံးဆုများ ရရှိထားသည့် တောင်ကြီးမြို့တွင် မြို့သာယာလှပရေးအတွက် အာဏာသိမ်းကာလအတွင်း ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တော့ဘဲ မြို့လယ်ခေါင်မှာပင် အနံ့အသက်များ ထွက်နေသည့် အမှိုက်ပုံများကို ယနေ့ ၂၀၂၀၁ခုနှစ် ဇူလိုင်လ(၉)ရက်နေ့တွင် တွေ့ရှိနေရသည်။
"မြို့လယ်ခေါင် မင်းလမ်းပေါ်မှာ အမှိုက်အရမ်းများနေလို့ ကျန်းမာရေးနဲ့ရော မညီညွတ်လို့။ တောင်ကြီးမြို့ အနေအထားနဲ့ မဖြစ်သင့်ပါဘူး။ အနံ့အသက်လည်း အရမ်းထွက်နေလို့။ လမ်းသွားလမ်းလာအတွက်ကော ပတ်ဝန်းကျင်အတွက် ပါ အဆင်မပြေလို့ပါ"ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။
တောင်ကြီးမြို့သည် နောက်ဆုံးအနေဖြင့် ၂၀၂၀ ခုနှစ်၏ အသန့်ရှင်းဆုံး အာဆီယံ စံပြမြို့ ( Asean Clean Tourist City )ကိုရရှိခဲ့သလို အလှပဆုံးမြို့ ဆုကိုလည်း ၂၀၀၅ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ (၁၂)နှစ်ဆက်တိုက်ရရှိခဲ့ပြီး သဘာဝ အသန့်ရှင်းဆုံးမြို့ဆုကိုလည်း ၂၀၀၇ခုနှစ် မှ (၂၀၁၆)ခုနှစ်အထိ (၁၀)နှစ်အထိ ဆက်တိုက်ရရှိခဲ့သည့် ရှမ်းပြည်နယ်၏ စံပြမြို့ဖြစ်သည်။