ဟားခါး ဘုံဇုံရဲစခန်းတွင် CDF နှင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့အကြား (၅)နာရီကြာပစ်ခတ်မှုတွင် အာဏာသိမ်းအဖွဲ့မှ (၂၀)ဝန်းကျင် သေဆုံး

ဟားခါး ဘုံဇုံရဲစခန်းတွင် CDF နှင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့အကြား (၅)နာရီကြာပစ်ခတ်မှုတွင် အာဏာသိမ်းအဖွဲ့မှ (၂၀)ဝန်းကျင် သေဆုံး
ဇွန် 30, 2021

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဘုံဇုံ(Bungzung) ရဲစခန်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်၊ရဲအဖွဲ့နှင့် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေသည့် CDF-Hakha တို့အကြား (၅)နာရီကြာပစ်ခတ်မှု ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့ကဖြစ်ပွားကြောင်း သိရသည်။

ပစ်ခတ်မှုမှာ နံနက် (၅)နာရီ မိနစ် (၄၀) ဝန်းကျင်တွင် စတင်ပြီး နေ့လယ် (၁၁)နာရီအထိ ပစ်ခတ်မှုများဖြစ်ပွားရာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဘက်မှ (၂၀) ဝန်းကျင်သေဆုံးပြီး  CDF ဘက်တွင် တစ်ဦးထိခိုက်ဒဏ်ရာရသည်ဟု Chinland Defense Force-Hakha ၏ ခုခံကာကွယ်မှုသတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်သည့် ပြည်သူများအား အာဏာသိမ်းအဖွဲ့က အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုများလုပ်လာပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။