ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ဟိုပန်မြို့သို့ ပြန်သွားသူ (၄) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း စစ်ဆေးတွေ့ရသဖြင့် ကျိုင်းတုံတွင် ၎င်းတို့တည်းခိုခဲ့သည့်နေအိမ်အား ၂၀၂၁ ခုနှစ် ဇွန်လ (၂၅)ရက်နေ့၌ အသွားအလာ စတင်ကန့်သတ်လိုက်သည်ဟု သိရသည်။
ကျိုင်းတုံမြို့မှ ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် mask တပ်ရန်၊ လက်ကိုမကြာခဏဆေးကြရန် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက လူမှုကွန်ယက်စာမျက်နှာမှ တိုက်တွန်းသတိပေးထားသည်ကိုလည်း တွေ့ရသည်။
ဟိုပန်မြို့တွင် အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသူ (၄) ဦးသည် ကျိုင်းတုံမြို့ ရပ်ကွက် (၂)၊ ဆောက်ပျက်ရပ်ရှိ နေအိမ်တွင် ဇွန်လ (၁၂)ရက်နေ့မှ (၁၉) ရက်နေ့အထိ နေထိုင်သွားကြောင်း သိရသဖြင့် အဆိုပါနေအိမ်မှ မိသားစု (၃)ဦးကို ယနေ့တွင် Covid-19 စစ်ဆေးရာ ပိုးမတွေ့ရကြောင်း သိရသည်။
အတည်ပြုလူနာများအား ဟိုပန်ဆေးရုံတွင် ထားရှိကြောင်း သိရသည်။
#TachileikNewsAgency