မကွေးတွင် ရန်ကုန် Music Zone မှ အတည်ပြုလူနာနှင့် ထိတွေ့သူတစ်ဦး၌ COVID 19 ပိုးတွေ့

မကွေးတွင် ရန်ကုန် Music Zone မှ အတည်ပြုလူနာနှင့် ထိတွေ့သူတစ်ဦး၌ COVID 19 ပိုးတွေ့
စက်တင်ဘာ 16, 2020
By Tachileik News Agency


ရန်ကုန် Music Zone မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် နတ်မောက်မြို့က အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရန်ကုန် Music Zone မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် မကွေးတိုင်းအတွင်း အတည်ပြုလူနာစုစုပေါင်း (၁၃)ဦး ရှိလာပြီဖြစ်သည်။
“နတ်မောက်မြို့နယ်က အသက်(၃၂)နှစ်အရွယ် အမျိုးသား(၁)ဦး ထပ်တိုးတွေ့ရှိပါတယ်။ ရန်ကုန် သင်္ဃန်းကျွန်းက Music Zone ပြန်နဲ့ Contact လို့ ကနဦး သိရပါတယ်။ သူနဲ့ထိတွေ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက စက်တင် ဘာ(၁၆)ရက်နေ့ ညပိုင်းတွင်  တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
မကွေးတိုင်းအတွင်းသို့ ထိုင်းနိုင်ငံမှ ပြန်လာသူ၊ ရန်ကုန်မှပြန်လာသူနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၂)ဦး၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၁၃)ရက်နေ့က ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းတွင် လက်ရှိအချိန်ထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ (၁၃)ဦးရှိသည့်အနက် (၄)ဦးမှာ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone မှ အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရပြီးနောက် အဆိုပါ KTV ဆိုင်မှ ဝန်ထမ်းနှင့် ဆက်စပ်သူ စုစုပေါင်း (၉၀) ကျော်တွင် COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။
အလုံပိတ်ခန်းများဖြစ်၍ ရောဂါပိုးရှိသူတစ်ဦးပါဝင်ပါက လူအများအပြားသို့ ရောဂါကူးစက်မှုမြန်စေသဖြင့် KTV၊ Bar၊ Club များကို ပိတ်ထားရန် အစိုးရကတားမြစ်ထားသည့်ကာလအတွင်း ဖွင့်လှစ်ခဲ့ပြီး လူအများအပြားသို့ ရောဂါကူးစက်စေသဖြင့် အဆိုပါ KTV ပိုင်ရှင်ကို အရေးယူနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~