ထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း စံချိန်တင်မြင့်တက်လာသည့် COVID 19 အတည်ပြုလူနာ နှစ်ထောင်ကျော်တွင် မြန်မာမှလာသူ (၂)ဦး ပါဝင်

FILE PHOTO: Thailand struggles with its devastating third wave of Covid-19
FILE PHOTO: Thailand struggles with its devastating third wave of Covid-19
ထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း စံချိန်တင်မြင့်တက်လာသည့် COVID 19 အတည်ပြုလူနာ နှစ်ထောင်ကျော်တွင် မြန်မာမှလာသူ (၂)ဦး ပါဝင်

 

COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အတည်ပြုလူနာဦးရေ (၂၄၁၉) ဦးတိုးလာသည့်အနက် မြန်မာနိုင်ငံလာရောက်သူ (၂) ဦးပါဝင်ကြောင်း သိရသည်။

တစ်နေ့တာအတွင်း လူနာသစ်တွေ့ရှိမှု စံချိန်တင်မြင့်တက်ခဲ့ပြီး အခြားနိုင်ငံများမှဝင်ရောက်လာသူ (၁၀) ဦးမှလွဲ၍ ကျန်လူနာအားလုံးမှာ ပြည်တွင်းကူးစက်ခံမှုများဖြစ်သည်ဟု သိရသည်။

အခြားနိုင်ငံများမှ ဝင်လာသူများမှ အတည်ပြုလူနာတွေ့ရှိမှုမှာ မြန်မာဘက်မှ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား အမျိုးသားနှင့် ထိုင်းနိုင်ငံသား အမျိုးသမီး၊ နယ်သာလန်မှ ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဗြိတိန်၊ ကူဝိတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဝင်လာ၍ အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။

ကျန်အတည်ပြုလူနာများမှ ထိုင်းနိုင်ငံတွင်း ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ယနေ့ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ၏ ၄၆ ရာခိုင်နှုန်းမှာ ဘန်ကောက်မှဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တတိယလှိုင်းအတွင်း ပထမလှိုင်းနှင့် ဒုတိယလှိုင်းထက် အတည်ပြုလူနာတွေ့ရှိမှု တိုးလာသည့်အပြင် သေဆုံးနှုန်းလည်း တိုးလာကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်းတွင် (၂၄) နာရီအတွင်း COVID 19 ဖြစ်ပွားသူဦးရေ (၈) သိန်းကျော်ရှိပြီး စုစုပေါင်း COVID 19 ခံစားရသူဦးရေမှာ (၁၅၇) သန်းကျော်သွားပြီဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံက အတည်ပြုလူနာဦးရေ (၄)သိန်းကျော်တွင် သေဆုံးသူ (၄) ထောင်ကျော်ရှိနေပြီး ဧပြီလအတွင်းက COVID 19 တတိယလှိုင်းစတင်ဖြစ်ပွားလာသည့် ထိုင်းနိုင်ငံမှာ ကမ္ဘာတွင် အတည်ပြုလူနာတွေ့ရှိမှုအများဆုံးအဆင့် ၉၉ တွင်ရောက်နေခြင်းဖြစ်သည်။

 

#TachileikNewsAgency

Source: Bangkok Post