တပ်ဝါဒဖြန့် 'တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့'၏ Blogspot စာမျက်နှာကို Google က ဖြုတ်ချ

တပ်ဝါဒဖြန့် 'တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့'၏ Blogspot စာမျက်နှာကို Google က ဖြုတ်ချ
မေ 1, 2021

အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့် 'တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့'၏ Blogspot စာမျက်နှာအား Google က ၂၀၂၁ခုနှစ် မေလ(၁)ရက်နေ့တွင် ဖြုတ်ချလိုက်သည်။

'တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့'၏ Blogspot ( https://dsinfomm.blogspot.com ) စာမျက်နှာတွင် ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားသည့် အမည်စာရင်းဇယားများ အပါအဝင် ဝါဒဖြန့် သတင်းများကို စစ်တပ်ပိုင်း မြဝတီရုပ်သံမှ ညစဉ် ကြေညာအပြီးတွင် ဖော်ပြပေးနေသည့် စာမျက်နှာတစ်ခုဖြစ်သည်။