စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဖွဲ့စည်းထားသည့် CDF (Chinland Defense Force) နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရဖြင့် ပူးပေါင်းဆောင်ရွက်ရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ)ကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၈) ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ချင်းပြည်နယ်မှ ဖမ်းဆီးခံထားရသည့် ပြည်သူများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် အာဏာသိမ်းအဖွဲ့က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာပါကChinland Defense Force (Paletwa) က နည်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်တော်လှန်သွားမည့်အပြင် မိမိတို့မြို့နယ်ဒေသများအတွင်း တရားစီရင်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ချင်းအက်ဥပဒေနှင့် ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့် ကျင့်သုံးသွားမည်ဟု ကြေညာထားသည်။
ချင်းပြည်နယ်တွင်းမှ (၉)မြို့နယ်နှင့် ပြည်နယ်ပြင်ပမှ ချင်းအမျိုးသားများပါဝင်သည့် CDF (Chinland Defense Force) ကို ဧပြီလ (၂၈)ရက်နေ့က စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။