ဒီးမော့ဆိုမြို့တွင် အာဏာသိမ်း အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်၍ ကျဆုံးသွားခဲ့ရသည့် ဦးပေါလူ၏ နာရေးသို့ သပိတ်စစ်ကြောင်းများ လိုက်ပါ ပို့ဆောင်

ဒီးမော့ဆိုမြို့တွင် အာဏာသိမ်း အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်၍ ကျဆုံးသွားခဲ့ရသည့် ဦးပေါလူ၏ နာရေးသို့ သပိတ်စစ်ကြောင်းများ လိုက်ပါ ပို့ဆောင်
ဧပြီ 29, 2021 | ကယား

 ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြကျေးရွာတွင် ဧပြီလ ၂၀၂၁ခုနှစ် (၂၇)ရက်နေ့ နေ့လည်ပိုင်းက  အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့သော ဦးပေါလူ၏ ရုပ်အလောင်းအား ယနေ့ ဧပြီလ(၂၉)ရက်နေ့ တွင် မြေမြုပ်သင်္ဂြိုဟ်ခြင်းပြုလုပ်ခဲ့ပြီး သပိတ်စစ်ကြောင်းများက လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။ 

ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြကျေးရွာရှိ လူထုလုံခြုံရေးအတားအဆီးများအား ဧပြီလ (၂၇)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ ၏ ရဲနှင့် စစ်သားများမှ လိုက်လံဖယ်ရှားဖျက်ဆီးချိန် ကျေးရွာလူထုနှင့် ထိပ်တိုက်တွေ့ကာ လိုက်လံပစ်ခတ်ခဲ့သောကြောင့်  ဦးပေါလူမှာ ကျည်ထိဒဏ်ရာ (၅)ချက်ထက်မနည်းရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

ကယားပြည်နယ်တွင် ဧပြီလ (၂၉)ရက်နေ့ထိ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များကြောင့် သေဆုံးခဲ့ရသူ (၄)ဦးရှိနေပြီ ဖြစ်​ကြောင်းသိရသည်။

#TachileikNewsAgency

ဓါတ်ပုံ - ယောဟန်