မြန်မာ့မြေပေါ်တွင် လက်နက်အားကိုးအနိုင်ကျင့်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖယ်ရှားနိုင်ရန်နှင့် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း CRPH က ၂၀၂၁ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် အသိပေးထားရှိသည်။
အလှူငွေများကို GoFundMe မှ တစ်ဆင့် လက်ခံပေးသွားမည်ဖြစ်သည့်အတွက် https://charity.gofundme.com/o/en/campaign/crph တွင် ဝင်ရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
ယနေ့ မတ်လ(၂၅)ရက်နေ့အထိ (၁၂)ရက်အတွင်း အလှူငွေ စုစုပေါင်း (၇၃၂,၄၄၃)ဒေါ်လာ ရထားကြောင်းလည်း သိရသည်။
လှူဒါန်းရန် လင့် : https://charity.gofundme.com/o/en/campaign/crph
link: https://crphmyanmar.org/donate/
#TachileikNewsAgency