ကယားပြည်နယ် လွိုင်ကော် တက္ကသိုလ်တွင် တပ်စွဲမည့် ရဲတပ်ဖွဲ့ဝင်များအား တက္ကသိုလ်ပရဝဏ်ထဲတွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ တပ်စွဲခွင့်မပြုနိုင်ကြောင်း ပြည်သူများနှင့် တက္ကသိုလ်ကျောင်းသား/သူ များက တောင်းဆိုမှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ (၆) ရက်နေ့၌ ပြန်လည်ထွက်ခွာကြစဉ် ကျည်ဆံနှင့် မျက်ရည်ယိုဗုံးများ ကျန်ခဲ့သဖြင့် ပြည်သူများက ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)မှတစ်ဆင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
တက္ကသိုလ်ပရဝုဏ်မှ ရဲတပ်ဖွဲ့များထွက်ခွာသွားပြီးနောက် 9mm ကျည်ဆံ (၁၀၀) ထောင့်၊ 12 ဗို့ ရာဘာကျည်ဆံ (၁၀၀) တောင့်၊ 38 mm ရာဘာကျည်ဆံ (38mm Rubber Ball Cartridge-70 Balls) (၅) တောင့်၊ 38mm CS (မျက်ရည်ယိုဗုံး) ၅ လုံးကျန်ခဲ့သည်ကို တွေ့ရသဖြင့် ပြည်သူများက သပိတ်ကော်မတီထံသို့ အပ်နှံပေးခဲ့သဖြင့် သပိတ်ကော်မတီက ကယန်းပြည်သစ်တပ်မတော် (KNLA)နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တို့ကို တိုင်ပင်ပြီး KNPLF မှ အရာရှိ စောဖိုးလုံး မှတဆင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးသို့ လက်ပြောင်း အပ်နှံပေးလိုက်ကြောင်း သိရသည်။