မြန်မာ့မီးရထားဝန်ထမ်းများက စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ Civil Disobendence Movement တွင် ပါဝင်လာကြသည့်အတွက် ရထားခရီးစဉ်များကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက်နေ့က စတင်၍ ရပ်ဆိုင်းထားပြီဖြစ်ကြောင်း သိရသည်။
“ရထားဝန်ထမ်းတွေက CDM ထဲမှာ ပါနေတဲ့အတွက် မနေ့က (၈) ရက်နေ့မှာ ရထားထွက်ပေမဲ့ စဉ့်အင်ဘူတာ ကနေ လားရှိုးဖက် ပြန်လှည့်လာရတယ်။ ဒီနေ့တော့ လုံးဝ ရထားမထွက်ဘဲ ရပ်ထားရပါတယ်” ဟု မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီ (၉) ရက်နေ့တွင် ပြောသည်။
မဲစာရင်းမှား၍ မလွှဲမရှောင်သာ အာဏာသိမ်းရသည်ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က နိုင်ငံတော်အာဏာသိမ်းလိုက်သည့် စစ်တပ်အား စစ်အာဏာရှင်စနစ်ကို လက်မခံကြသည့် တစ်နိုင်ငံလုံးမှ ပြည်သူများက ငြိမ်းချမ်းသည့်နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။
Tachileik News Agency