သင်သိပါသလား .....
ကိုဗစ်ကာကွယ်ဆေးတွေကို ဘယ်လိုတွေ ထိုးပေးနေလဲဆိုတာ...
မြန်မာနိုင်ငံကို ဇန်နဝါရီလ (၂၂) ရက်နေ့က အိန္ဒိယနိုင်ငံက လက်ဆောင်ပေးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိထားပြီး နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတွေ ဖေဖေါ်ဝါရီလ၊ မတ်လနဲ့ ဧပြီလတို့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
- ကာကွယ်ဆေးထိုးအစီအစဉ်ကို ဇန်နဝါရီလ (၂၇) ရက်နေ့မှာ စတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးနေပါတယ်။
- ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။
- ဇန်နဝါရီလ (၃၀) ရက်နေ့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။
- ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှာ အစိုးရအဖွဲ့နှင့် ပြည်သူလူထုကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။
{ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန}