တာချီလိတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်လှစ်

တာချီလိတ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်လှစ်
မတ် 25, 2012
By Tachileik News Agency
တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ခြင်း နှင့် ရုံးဖွင့်ပွဲ အခမ်းအနား အစီအစဉ်ကို ၂၅.၃.၂၀၁၂ ( တနင်္ဂနွေနေ့)တွင် ရွှေတိဂုံစေတီအောက်ဖက် စိန်ချယ်လက်ဖက်ရည်ဆိုင်အရှေ့၊ ယူရိုလက်ဖက်ရည်ဆိုင်ဟောင်း၏ အနောက်ဖက် တိုက်ခန်းရှိ တည်နေရာတွင် ပြုလုပ်ကျင်းပခဲ့သည်။ ရုံး၏ တည်နေရာမှာလည်း ထိုနေရာ၌ပင်ဖြစ်သည်။

အခမ်းအနားအစီအစဉ်ကို အောက်ပါတိုင်းကျင်းပခဲ့သည်။

  • ၁။ နေရာယူခြင်း
  • ၂။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း
  • ၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား လေးပြုခြင်း
  • ၄။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း
  • ၅။ ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့ကြရသော ရဟန်းရှင်၊ လူ၊ ကျောင်းသားကျောင်းသူ၊ ပြည်သူလူထုများအား အလေးပြုခြင်းနှင့် ( ၁ ) မိနစ်ငြိမ်သက်မေတ္တာပို့ အမျှဝေခြင်း
  • ၆။ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ဖွင့်လှစ်ကြောင်း ကြေငြာခြင်း
  • ၇။ ရှမ်းအရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်မှ အဖွဲ့ချုပ်၏ သ၀ဏ်လွှာအား ဖတ်ကြားခြင်း
  • ၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ကိုယ်စားလှယ်မှ အမှာစကားပြောကြားခြင်း
  • ၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရှမ်းအရှေ့) ကိုယ်စားလှယ်မှ အမှာစကားပြောကြားခြင်း
  • ၁၀။ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျေးဇူးတင်စကားပြောကြားခြင်း
  • ၁၁။ အခမ်းအနားပြီးဆုံးကြောင်း ကြောငြာခြင်း

စသည်တို့ကို ပြုလုပ်ခဲ့ပြီး၊ အခမ်းအနားသို့ ကြွရောက်လာသော အဖွဲ့ဝင်ရဲဘော်များနှင့် ဧည်သည်တော်များအား ကြာဇံကြော်ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ကိုယ်စားလှယ် ရှမ်းပြည်နယ်တာဝန်ခံတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန် မှ တက်ရောက် ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (တာချီလိတ်)၏ တည်နေရာ

အမှတ်(၈/၅၂)၊ အခန်းအမှတ်(၅) မကာဟိုခမ်းရပ်ကွက်၊

တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ဖဲကြိုးဖြတ် အခမ်းအနား
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အခမ်းအနားမှူး ဦးတင်မြင့်ဝင်းမှ အစီအစဉ်အလိုက်ကြေငြာနေစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ကိုယ်စားလှယ် ရှမ်းပြည်နယ်တာဝန်ခံတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အခမ်းအနား မစမှီမြင်ကွင်း
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်ပါ ပစ္စည်းများ ရောင်းချရာဌာန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဦးထွန်းထွန်းဟိန်မှ အမှတ်တရစာသားပါ လက်မှတ်ရေးထိုးပေးစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ခွပ်ဒေါင်းတံဆိပ်များနဲ့ တက်ကြွလူငယ်တစ်ဦး
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဒေါ်အောင်ဆန်းစုကြည့်ပုံပါ မိုးပျံပူဖောင်းများ နှင့် တာချီလိတ်မှ ရွှေတိဂုံစေတီတော်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ပုံများကို အပြည့်အစုံကြည့်လိုပါက အောက်တွင်နိပ်ပါ

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net