နိုဝင်ဘာ(၂)ရက်နေ့ ည(၉)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်မှာ အာပီဂျီဗုံးသီးများနဲ့ ကျည်များ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရပါတယ်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသန့်ဇင်၊ တာချီလိတ်( မူးယစ် )မှ ရဲအုပ်မြင့်နိုင်ဦး ဦးစီးသောအဖွဲ့ဝင်များ၊ ဒ/န ခေါင်းဆောင် ရဲအုပ်ဝင်းဇော်ထွန်း ဦးစီးသောအဖွဲ့ဝင်များ၊ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် မြင့်ထွေး နှင့် အဖွဲ့ဝင်များ၊ ခမရ(၃၅၉)တပ်မှ ဒု-တပ်ရင်းမှူး မှူးညီညီနိုင် ဦးစီးသောအဖွဲ့ နှင့် စရဖ မှ ဒုတက လွင်ကိုကိုဦး စသည့် ပူးပေါင်းအဖွဲ့များသည် လက်နက်/ခဲယမ်း နဲ့ မူးယစ်ဆေးဝါး သတင်းအရ ဆန်ဆိုင်းရပ်ကွက်ထဲက နေအိမ်တစ်ခုကို
ဝင်ရောက် စစ်ဆေးရှာဖွေတာဖြစ်ပါတယ်။
၎င်းတို့ ၀င်ရောက်စစ်ဆေးရှာဖွေရာမှာ အဖြူရောင် ဆာလာအိတ်အဟောင်း(၁)လုံးအတွင်းမှ အာပီဂျီ ဗုံးသီး(၃)လုံး၊ ပို့ကျည်(၃)တောင့်၊ အမ်(၁၆)ကျည်ကဒ်(၁)ခု နဲ့ ၅.၅၆ ကျည်(၁၀)တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက် လက်နက်များနဲ့အတူ တရားခံလို့ ယူဆရသူအား ဖမ်းဆီးခဲ့ပြီး တာချီလိတ်(မူးယစ်)ရုံးမှာ စစ်ဆေးလျှက်ရှိကြောင်းနဲ့ အမှုဖွင့်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။