ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီ က မိုင်းဆတ် အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမ၌ ကျင်းပရာ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးကြည် က ကျောင်းနေအရွယ် ကျောင်းသား၊
ကျောင်းသူများအနေဖြင့် တစ်မျိုးသားလုံး၏ ရန်သူ မူးယစ်ဆေးဝါး အန္တရာယ်ကို ရှောင်ကြဉ်ပြီး၊ မိမိတို့ရဲ့ ပညာရေးကိုသာ အလေးထားကြိုးစားကြရန်ကို လည်းကောင်း၊ ခရိုင်တရားသူကြီး ဦးဌေးဝင်း က လူကုန်ကူး
မှုနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးအေးမင်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများ၊ ပြစ်မှုဆိုင်ရာဥပဒေ နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်းအရာများကို လည်းကောင်း အသီးသီး အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသားကျောင်းသူများအား အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မြင့် ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်း၊ ကျောင်းဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ အင်အား ၃၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬