တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်မူလွန်တွင် ကမ္ဘာ့ဆရာများနေ့နှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်မူလွန်တွင် ကမ္ဘာ့ဆရာများနေ့နှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ
အောက်တိုဘာ 18, 2013
By Tachileik News Agency

၁၈.၁၀.၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်မူလွန်တွင် ကမ္ဘာ့ဆရာများနေ့နှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို  ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဇာတိမာန်ခန်းမတွင် ကျင်းပပြုလုပ်ရာ
ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝင်းလှနှင့် လက်ထောက် ဆရာဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၃၀၀ကျော်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံကျောင်းအုပ် (အလယ်တန်းပြဆရာမ) ဒေါ်မိုးဝါက ကမ္ဘာ့ဆရာများနေ့ဆိုင်ရာများကို ဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် သတ္တမတန်းကျောင်းသူ မနှင်းယုထွေးက အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့ကြောင်း အခမ်းအနားတွင်မြတ်ဆရာဂုဏ်ပြုသီချင်း သီဆိုခြင်း စာသင်နှစ်တစ်ဝက်တာကာလ ကျောင်းသားကျောင်းသူများက အဆိုအက အလှသရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။

တက်ရောက်လာသူကျောင်းသားကျောင်းသူများအား အကန်တော့ခံ ကျောင်းအုပ်ကြီးနှင့် ဆရာမများက ပဲနို့ရည်နှင့်ကိတ်မုန့် ကျွေးမွေးခဲ့ပါသည်။ အခမ်းအနား ကျင်းပရာတွင် ကျောင်း၏ အစဉ်အလာအတိုင်း ကျောင်းအုပ်ကြီး၊ လက်ထောက်ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ လက်ရာများဖြင့် ပြုစု ပြသထားသည့် ဆရာများနေ့ဆိုင်ရာ နံရံကပ်စာစောင်ကိုလည်းပြသခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ ။          ။ မြတ်မျိုးမြင့်မာန်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬