"ပဋ္ဌာန်းဒေသနာတော်" ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ကာ ဆုပေးပွဲ တာချီလိတ်၌ ပြုလုပ်

"ပဋ္ဌာန်းဒေသနာတော်" ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ကာ ဆုပေးပွဲ တာချီလိတ်၌ ပြုလုပ်
အောက်တိုဘာ 19, 2013
By Tachileik News Agency

အောက်တိုဘာလ ၁၅ရက်၊ နံနက် ၈နာရီ အချိန်က စတင်၍ တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မှ ကြီးမှူးကျင်းပသည့် "ပဋ္ဌာန်းဒေသနာတော်" ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲအား ကျင်းပလာခဲ့ရာ အဆိုပါ အကောင်းဆုံးရွေးချယ်ပွဲ၏ ဆုပေးပွဲအား အောက်တိုဘာ ၁၉ ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၄နာရီအချိန်တွင် တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြရာ အ.ထ.က(တာချီလိတ်)၀တ်အသင်းမှ ၉၅.၅ မှတ်ဖြင့် ပထမဆု ရရှိသွားကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားတွင် ၀တ်ရွတ်အသင်း ၁၅သင်းအား ယှဉ်ပြိုင်ဆု ၉ ဆု၊ အထူးဆု ၁ ဆု၊ နှစ်သိမ့်ဆု ၂ ဆု၊ ပထမဆု၊ ဒုတိယဆု နှင့် တတိယဆုဟူ၍ ဆုများ အသီးသီးပေးအပ်ရာတွင် ပထမဆုအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နွေးနွေးလင်း မှ ပေးအပ်ပြီး ဒုတိယဆုအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ရွှေမိုးသူဇာမှ ပေးအပ်သည်။ ဆက်လက်၍ ကျန်ရှိနေသည့် ဆုများအား သက်ဆိုင်ရာမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆုပေးပွဲတွင် သီးခြားအစီအစဉ်အဖြစ် ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး ( အဆွေတော် ၂၄ နာရီ အထူးကုဆေးခန်း ) မှ တစ်သင်းလျှင် ၂၀၀၀ ဘတ်နှုန်းဖြင့် စုစုပေါင်း ၃၀,၀၀၀ ဘတ်အား တစ်သင်းစီ ဂုဏ်ပြု ချီးမြှင့်ပေးအပ်ပြီး၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ မှ ပထမဆု ရရှိသည့် အ.ထ.က(တာချီလိတ်)အသင်း နှင့် မဇ္ဈိမလူမှုကူညီရေးဝတ်အသင်းတို့အား ကျပ် ၁သိန်း စီ ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ပထမဆု အဖြစ် အ.ထ.က(တာချီလိတ်)၀တ်အသင်းမှ ၉၅.၅မှတ်ဖြင့် ရရှိသွားပြီး၊ အလင်းရောင်ပရဟိတ၀တ်အသင်းမှ ၉၅ မှတ်ဖြင့် ဒုတိယဆု၊ မကာဟိုခမ်း + ဆန်ဆိုင်း(ခ)၀တ်အသင်းမှ ၉၃.၅ မှတ်ဖြင့် တတိယဆု နှင့် အထူးဆုအဖြစ် မဇ္ဈိမလူမှုကူညီရေးဝတ်အသင်းမှ ရရှိသွားခဲ့သည်။

ယခုနှစ်တွင် ၀တ်ရွတ်အသင်းများအနက် ထူးခြားမှုဖြင့် ပါဝင်လာသည့်အသင်းမှာ ကျောင်းသားလေးများဖြင့် ဖွဲ့စည်းထားသော မဇ္ဈိမလူမှုကူညီရေးဝတ်အသင်းဖြစ်ရာ အဆိုပါအသင်းသည် လူငယ်ဝတ်အသင်းများထဲမှ အကောင်းဆုံး အထူးဆုကို ရရှိသွားခဲ့ပြီး ဘုရားပင့် အကောင်းဆုံးဆုအား တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ၀တ်အသင်း နှင့် ပဋ္ဌာန်းအမွှန်းအကောင်းဆုံးဆုကို အ.ထ.က(တာချီလိတ်)၀တ်အသင်းမှ ရရှိသွားခဲ့သည်။

ပုံများကိုကြည့်ရန်
82 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬