တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် အတွင်းရှိ နေအိမ်အခန်းငှားတစ်ခုတွင် မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့မှ ဒေါ်လဲ့xxx နေထိုင်သည့် အခန်းအမှတ် ၆ တွင် စိတ်ကြွဆေးပြား ၅၀ ပြား နှင့် အိုက်စ်(ရေခဲ) ၀.၁ ဂရမ်အား အောက်တိုဘာလ ၁၆ ရက်၊ ည ၁၀ နာရီအချိန်က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း ရှောင်တခင်ဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက် အတွင်းရှိ နေအိမ်အခန်းငှားတစ်ခုရှိ အခန်းအမှတ် ၆ တွင် နေထိုင်သည့် ဒေါ်လဲ့xxxx အား ဧည့်စာရင်း စစ်ဆေးရာ ဒေါ်လဲ့xxxx ၏ ၀ဲ/ယာလက်အတွင်း ဆုပ်ကိုင်ထားသည့် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၀ ပြားစီပါသည့် အထုပ် ၅ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၅၀ ပြား နှင့် ပလပ်စတစ်ဖြင့် ထုပ်လျှက် အိုက်စ်(ရေခဲ) ၀.၁ ဂရမ်အား တွေ့ရှိရ၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ ဒေါ်လဲ့xxx အား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဒေါ်လဲ့xxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၂၉/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~