ရှမ်းပြည်တပြည်လုံးမှ ရှမ်းတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများအပြင် တစ်ဖက် ထိုင်းနိုင်ငံသားများမှ အထူးကိုးကွယ်သော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် လာမည့် နိုဝင်ဘာလထဲ၌ ယခင် သီတင်းသုံးတော်မူခဲ့သည့် မိုင်းဖုန်းဒေသသို့ ထိုင်းနိုင်ငံမှ ပြန်လည်ကြွရောက်တော်မှုလာမည် ဖြစ်သည့်အတွက် အောက်တိုဘာလ ၂၅ရက် နံနက်ပိုင်းက နှစ်ဂါးနှစ်ကောင်ဆရာတော်၏ ဦးဆောင် ညွှန်ကြားမှုဖြင့် ဂေါပကအဖွဲ့ဝင်များ အပါအ၀င် ကျေးရွာအတွင်းမှ ကျေးရွာသူ/သားများက လွမ်းလိန်းစေတီတော် နှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းရေးများပြုလုပ်ကာ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နှစ်ဂါးနှစ်ကောင်ဆရာတော၏ ဦးဆောင် ညွှန်ကြားမှုဖြင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အနီးကပ်ကြီးကြပ်ကာ ဂေါပကအဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်တို့မှ ဆရာတော်၏ ကျောင်းဝန်းအတွင်း ပျက်စီးယိုယွင်းနေမှုများကို ပြန်လည်ပြုပြင်မွမ်းမံနေကြပြီး ဆရာတော်အား
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~