ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံ အထက် ရွာ တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား ၃၈၉ ပြား အား တရားခံနှင့်အတူ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၄ရက် ညနေ ၅နာရီအချိန်က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ လွယ်စတုံအထက်ရွာရှိ ဦးအား
xxx ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးသည့်အခါမှာ ပန်းသီးဂိမ်းခုံအဟောင်းအတွင်း၌ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၀၀ ပြား ပါသည့် ၁ ထုပ်၊ ၁၃၉ပြား ပါသည့် ၁ ထုပ်နှင့် ၅၀ ပြားပါသည့် ၁ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၃၈၉ ပြားအား သော့ခတ်၍ သိုဝှက်သိမ်းဆည်းထားသည်ကို အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများ သိမ်းဆည်းခဲ့ကြပြီး တရားခံအား ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် အသက် ၆၇နှစ်ရှိ တရားခံဖြစ်သူ ဦးအားxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၄၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~