အဆိုပါ ပွဲတော်သို့ တာချီလိတ်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်မှူး ဦးရဲထူး တို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ နှင့် ကျိုင်းတုံမှ ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပွဲတော်ဖွင့်ပွဲအဖြစ် ထိုင်း/လာအို/တရုတ်ဘက်မှ အကြီးအကဲများနှင့် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဦးလုကာတို့မှ ပန်းကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
မဲခေါင်မြစ်ဝှမ်းဒေသ ချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှုပွဲတော်အား ထိုင်းနိုင်ငံမှ ၎င်းနိုင်ငံနှင့် နီးစပ်လျှက်ရှိသည့် နိုင်ငံများနှင့် ချစ်ကြည်ရေး ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် ချင်းရိုင်းမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုအကြိမ်မှာ ၁၈ ကြိမ်မြောက်ဖြစ်ပြီး ပွဲတော်အား နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရသည်။