၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၇ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ ၀န်ထမ်းကုန်းရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်း၌ တာချီလိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖအပေါင်းတို့မှ စုပေါင်းပြုလုပ်သော (၁၈)ကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဘုံကထိန်အား တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်း၌ လှူဒါန်းပွဲကျင်းပပြုလုပ်ရာ စာရင်းအရ ပဒေသာပင် စုစုပေါင်းမှာ ၇၂ ပင်၊ ပစ္စည်းနှင့် ငွေသားတန်ဖိုး၊ ကျပ်ငွေ ၁၈,၉၄၅,၂၂၃ကျပ်၊ ထိုင်းဘတ်ငွေ ၅၂၅,၇၁၇ ဘတ် နှင့် အမေရိကန်ဒေါ်လာ ၃၁ဒေါ်လာ ရှိကြောင်း သိရသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချတရားတော် နာယူနိုင်ရန်အတွက် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး အပါအ၀င် အောင်မင်္ဂလာတောရကျောင်းမှ ဆရာတော် နှင့် ပင့်ဖိတ်ထားသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တောင်တန်းသာသနာပြု(ဗဟို)ကျောင်းမှ ကျောင်းဆရာတော် ဘဒ္ဒန္တရေ၀တ ( ဓမ္မာစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ဘုရားကြီးက ရှစ်ပါးသီလ ခံယူဆောက်တည်နိုင်ရန်အတွက် ချီးမြှင့်တော်မူသည်။
ယင်းနောက် တောင်တန်းသာသနာပြု(ဗဟို)ကျောင်း ဆရာတော်ဘုရားကြီးမှ ကထိန်အနုမောဒနာတရား နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော်များကို ချီးမြှင့်ရာ အလှုရှင်များက နာယူခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ အဆိုပါ လှူဒါန်းမှု အစုစုတို့၏ အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ပြီးမြောက်စေခဲ့ကြသည်။
စုပေါင်း ပဒေသာပင်များ လှည့်လည်ခြင်းကို နံနက် ၈နာရီခန့်မှ စ၍ တာချီလိတ်မြို့နယ်ရှိ
အောင်မြတ်ခန်းမမှ စတင်၍ လှည့်လည်ခဲ့ကြပြီး တောင်တန်းသာသနာပြု (ဗဟို)ကျောင်းသို့ ပို့ဆောင်ခဲ့ကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချတရားတော် နာယူနိုင်ရန်အတွက် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး အပါအ၀င် အောင်မင်္ဂလာတောရကျောင်းမှ ဆရာတော် နှင့် ပင့်ဖိတ်ထားသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး တောင်တန်းသာသနာပြု(ဗဟို)ကျောင်းမှ ကျောင်းဆရာတော် ဘဒ္ဒန္တရေ၀တ ( ဓမ္မာစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ဘုရားကြီးက ရှစ်ပါးသီလ ခံယူဆောက်တည်နိုင်ရန်အတွက် ချီးမြှင့်တော်မူသည်။
တဆက်တည်းမှာပင် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့အား ဉတ်မကြီး ကထိန်လျာသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းများအား ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများအပါဝင် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တောင်တန်းသာသနာပြု(ဗဟို)ကျောင်း ဆရာတော်ဘုရားကြီးမှ ကထိန်အနုမောဒနာတရား နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော်များကို ချီးမြှင့်ရာ အလှုရှင်များက နာယူခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ အဆိုပါ လှူဒါန်းမှု အစုစုတို့၏ အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ပြီးမြောက်စေခဲ့ကြသည်။
ပုံများကိုကြည့်ရန်
74 photos
80 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]