အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြရာ ဖွင့်ပွဲ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကား ပြောကြားသွားသည်။ ဖွင့်ပွဲအခမ်းအနားပြီးသည့်နောက်မှာ ပိုက်ကျော်ခြင်းပြိုင်ပွဲ စတင်ကျင်းပရာ ပြိုင်ပွဲ၏ ပထမဆုံးပိုက်ကျော်ခြင်း ပွဲစဉ်အဖြစ် မယ်ဆိုင်မြန်မာအသင်း နှင့် တာလော့(ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
ရပ်ကွက်/ကျေးရွာ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကလပ်ပေါင်းစုံ အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ တို့တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သည့် ရပ်ကွက်/ကျေးရွာ စုစုပေါင်း ၁၈ သင်းရှိပြီး ဘတ်စကတ်ဘောပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သည့် အသင်းများမှာ ၁။ ဖိန်းလုံ(SKK)၊ ၂။ ရောင်နီဦး(က)၊ ၃။ ရှုန်ဖုံး ၄။ ဟဟွာလူငယ်၊ ၅။ ရောင်နီဦး(ခ) နှင့် ၅။ ဟောက်လန် စုစုပေါင်း ၆ သင်းရှိကြောင်း သိရသည်။
ပြိုင်ပွဲ၏ ပွဲစဉ်အရ ပိုက်ကျော်ခြင်းပြိုင်ပွဲအား နံနက်ပိုင်းများမှာ ပြုလုပ်မှာဖြစ်ပြီး ဘတ်စကတ်ဘောပြိုင်ပွဲကို ညနေ ၅နာရီ နောက်ပိုင်းမှ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအား နိုဝင်ဘာလ ၁၉ရက် မှ နိုဝင်ဘာလ ၂၄ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်