ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတများ ရရှိကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသခြင်းကို နိုဝင်ဘာလ (၂၄)ရက်၊ နံနက် (၁၀)နာရီက မိုင်းဖြတ်မြို့နယ်၊ အိုက်ငို့ကျေးရွာအုပ်စု ဟာကြားဟုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပရာ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ဟောပြောသည်။
ဆက်လက်ပြီး မိုင်းဖြတ်မြို့နယ်၊ အိုက်ငို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဂျွန်ပေါလ်က ကျေးဇူးတင်စကား ပြောကြားပြီး၊ အကြီးတန်းစာရေး ဒေါ်ဘူးနောင်က ဟောပြောသည့် အကြောင်းအရာများကို အာခါ၊ လားဟူ ဘာသာဖြင့် ပြန်လည်ရှင်းလင်း ဟောပြောခဲ့ပြီး၊သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သိကောင်းစရာများ ပါဝင်သည့် နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျေးရွာနေ တိုင်းရင်းသားပြည်သူများက ဖတ်ရှု လေ့လာကြောင်း သိရသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]