မြန်မာနိုင်ငံမှာ မဏ္ဍိုင်(၅)ရပ်ရှိပါတယ်။ ဒါပေမယ့်

မြန်မာနိုင်ငံမှာ မဏ္ဍိုင်(၅)ရပ်ရှိပါတယ်။ ဒါပေမယ့်
နိုဝင်ဘာ 25, 2013
By Tachileik News Agency
မြန်မာနိုင်ငံမှာ မဏ္ဍိုင်(၅)ရပ်ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ အတူမွေးဖွါးလာတာတော့ မဏ္ဍိုင်(၃)ရပ်ပါ အဲဒါတွေကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင် စသာတွေပါဘဲ၊..။

ဟုတ်ပြီ... စတုတ္ထမဏ္ဍိုင်၊ ဘာလို့မွေးဖွါလာရသလဲ တကယ်တော့ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အရိုးစွဲ ကိုလိုနီစနစ်၊ ကြိုးနီစနစ်တွေကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပြည်သူတွေ မယုံကြည်နိုင်ကြဘူး နောက်ထပ် တရားစီရင်ရေးမဏ္ဍိုင်ကော သူလည်း ဘာထူးလဲ စစ်အစိုးရဲ့ ၂၆ နှစ်တာ အာဏာရှင်စနစ်ရဲ့ အကျိုးဆက်ကြောင့် အုပ်ချုပ်ရေးရဲ့ ပါဝင်စွက်ဖက်မှုတွေကြောင့် ချိန်ခွင်လျှာ တစ်ဖက်လေးနေခဲ့ရတယ်။

ဥပဒေပြု မဏ္ဍိုင်ကကော ဥပဒေတွေတော့ ရေးဆွဲပါတယ် သမ္မတက ကန့်ကွက်လိုက် အုပ်ချုပ်ရေးက မထေမဲ့မြင်ပြုလိုက်၊ တရားစီရင်ရေးက မလိုက်နာတာနဲ့ စာရွက်နဲ့ စာအုပ်တွေပေါ်မှာသာ ရှိနေရရှာတယ်။ လေထဲမှာ အော်နေကြတာပေါ့ အသံအကျယ်ကြီးနဲ့ ဒါတွေကို ထောက်ပြနိုင်ဖို့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ Media ထွက်ပေါ်လာတာပါ ဒါပေမယ့်ဗျာ ကလောင်သွားတွေရဲ့ စည်းမစောင့်မှုကြောင့် မထိန်းချုပ်မှုကြောင့် လူမျိုးရေးပဋိပက္ခတွေ၊ ဘာသာရေးပဋိပခက်တွေဖြစ်လာရော။ ထပ်ပေါ်ပါပြီဗျာ

ပဉ္စမမဏ္ဍိုင်ဆိုသော အရပ်ဘက်လူ့အဖွဲ့အစည်းများ ခေါ်ဆိုသော ပရဟိတ၊ ပေးဆပ်သူ လူတန်းစားများ(Giver)၊ အမှန်ဘက်တော်သားများ၊ ဟုတ်ပြီဗျာ အမှန်ဘက်တော်သားများအကြောင်း၊တကယ်တော့ ပဉ္စမမဏ္ဍိုင်က လူသားတွေဟာ လူထုရဲ့ တောင်းဆိုချက်၊ နိုင်ငံရဲ့ လိုအပ်ချက်တွေကြောင့် ခေါင်းထောင်လာရတာပါ။ ပဉ္စမမဏ္ဍိုင်၊ ဘာကိုထောက်ပြမလဲဆိုတော့ တလွဲ အာဏာသုံးမှုတွေကို ဆန့်ကျင်မယ်၊ မတရား တရားစီရင်မှုတွေကို တွန်းလှန်မယ်။ ပြည်သူ့တွေရဲ့ တကယ်လို အပ်တဲ့ ဥပဒေ အကာအကွယ်ပြုမှုတွေကို ရရှိအောင် ကြိုးစားမယ်။ .အမှားအမှန်ကို ပြည်သူတွေပါဝင်တဲ့ အဖွဲ့အစည်းတွေက ဆုံးဖြတ် နိုင်အောင် မီးမောင်းထိုးပြဖို့ပါဘဲ။

နောက်ပြီး နိုင်ငံတော်က လက်လှမ်းမမှီတဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေ ကိုယ်တိုင် တစ်နိုင် စွမ်းသမျှဖြည့်ဆည်းဖို့...ပြည်သူ့အလုပ်ကို ပြည်သူ လုပ်တာပါ..... ပဉ္စမဏ္ဍိုင်မှာ ရပ်တည်နေတဲ့လူသားတွေဟာ ပြည်သူတွေထဲကမွေးဖွါးလာတဲ့ ပြည်သူ့ အဖွဲ့အစည်းတွေပါဘဲ.....။ ဥပမာအနေနဲ့ တရားစီရင်ရေးမဏ္ဍိင်ရဲ့ အားနည်းချက်လေး တစ်ခုလောက်ပြောပြချင်ပါတယ်....... နိုင်ငံကျော် လိမ်လည်မှုကြီးတစ်ခုပါ လိမ်လည်မှုမှာ တရားလိုရဲ့စွတ်စွဲချက်အတိုင်း တရားခံဟာ ဟုတ်မှန်ကြောင်း လိမ်လည်ခဲ့ကြောင်း ၀န်ခံထွက်ဆိုပါတယ်.....ဒါကြောင့် ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်.......ဒါပေမယ့် လိမ်လည်လို့ရတဲ့ စည်းစိမ်တွေကြတော့ တရားရုံးက မူလပိုင်ရှင်ထံ ပြန်ပေးတယ်စေတဲ့ဗျာ..... မူလပိုင်ရှင်တွေက တရားရုံးမှာ တိုင်တန်းခဲ့ခြင်းမရှိဘဲ ရဲကသာ အမှုဖွင့်ခဲ့တာဆိုတော့...ပိုင်ရှင်မရှိရင် လိမ်လည်သူသာရမှာပေါ့....။လိမ်ပါတယ်လဲ ထွက်ဆိုတယ် ပစ္စည်းတွေကျတော့ နစ်နာသူမပေးဘဲ ဘာကြောင့် လိမ်လည်တဲ့သူကို ပေးရတာလဲ........။ အမှန်တော့ ပစ္စည်းတွေဟာ လိမ်လည်သူရဲ့ မူလပိုင်ပစ္စည်းတွေဟုတ်မဟုတ် စီစစ်သင့်ပါတယ်......ပြီးတော့ တကယ်နစ်နာသူတွေကို ရှာဖွေပြီး ပြန်ပေးသင့်တယ် မဟုတ်လားဗျာ....လူပိန်းတောင်နားလည်တာ ဥပဒေကျင့်သုံးတတ်သိနားလည်တဲ့သူ ဘာများ ဖြစ်ပါလိမ့် အံသြမိတယ်......
ပဉ္စမ မဏ္ဍိုင်လူသားများဆိုတာ နိုင်ငံရေးမဟုတ်တဲ့ နိုင်ငံ အရေးကို လုပ်နေတဲ့သူတွေပါ.....ကျွန်တော်တို့ရဲ့ မျိုးဆက်မှ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ရင် သေချာတယ် ဒီGreanation တွေ Recycel ဖြစ်နေဦးမှာ.... ဒီအရွှေ့ကို ရွှေ့ဖို့ ဒေါ်အောင်ဆန်းဆုကြည့် ပုခုံးတစ်ဖက်တည်းနဲ့၊ ဦးသိန်းစိန် ပုခုံးတစ်ဖက်တည်းနဲ့တော့ ဘယ်လိုမှ မရွှေ့နိုင်ဘူး ကျွန်တော်တို့ ပြည်သူတွေ ပြိုင်တူတွန်းမှ ရွေ့မယ်ဆိုတာ သေချာပါတယ်......
ပြည်သူတွေရဲ့ Dement တောင်းဆိုချက်တွေကို Leader ခေါင်းဆောင်တွေဆီရောက်အောင် ပို့ပေးဖို့ ကျွန်တော်တို့ ပဉ္စမဏ္ဍိုင်လူသားတွေရဲ့ တာဝန်ပဲလေ...... Ship အရွေ့တစ်ခုရဖို့ တွန်းအားမှာ ပြည်သူတွေရဲ့ တွန်းအားပါရမယ် ဒီလိုဘဲ တွန်းတော့တွန်းပါတယ် ခေါင်းဆောင် တွေရဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းပြ ဦးဆောင်မှုမပါရင် ချောက်ထဲတွန်းမိရင် ဘယ်လိုလုပ်မလဲ ကျွန်တော်တို့တွေကိုယ်တိုင်ကလဲ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းကို ရွေးချယ်တတ်ဖို့လိုပါတယ်.....
 
ကျွန်တော်တို့ ပဉ္စမ မဏ္ဍိုင်လိုအပ်ပြီဆိုတာ ပထမဆုံး သတိပေးလိုက်တာတော့ မြန်မာနိုင်ငံရဲ့ ကမ္ဘာကျော် နာဂစ်မုန်တိုင်းကြောင့်ပါ နောက်ထက် ဒုတိယအကြိမ် နာရင်းအုပ်ပြီး သတိပေး အားဖြည့်ပေးလိုက်တာ ရွှေဝါရောင်တော် လှန်ရေး.....ပဉ္စမ မဏ္ဍိုင်လူသားတွေရဲ့ သမိုင်းကိုပြန်ကြည့်ရင် စကိတ်သမားရဲ့ ဒူးနဲ့ လက်ဝှေ့သမားရဲ့ မျက်နှာလိုပါဘဲ အနာမကင်း နိုင်ပါဘူး.....နုလုံးသားထဲက အနာရွတ်တွေနဲ့ ကိုယ့်ဟာကိုယ်ထူပြီးကိုယ့်ဘာသာကိုယ်ထခဲ့ကြရတာပါ......ဖြည့်ဆည်းခံ လူတွေရဲ့ ၀မ်းသာမှု မျက်လုံး၊ အားကိုးမှု အပြုံးတွေကို အနာပေါ်အုပ်ရင်း ပီတိစားရင်း လျှောက်လှမ်းနေကြတာပါ....ကမ္ဘာကြီးရဲ့ လိုအပ်ချက် ပြည်သူတွေရဲ့ ပြည့်စုံမှု၊ လူထုရဲ့ အော်သံတွေစဲသွားရင်တော့ ပဉ္စမဏ္ဍိုင် ပျောက်ဆုံးတဲ့နေ့ပါဘဲ.........နိုင်ငံရေးမဟုတ်တဲ့ နိုင်ငံအရေး အတွက် ကျွန်တော်တို့ ဆက်အသက်ရှင်ရမယ်....
စောလှမင်း(မဇ္ဈိမလူမှုကူညီရေးအသင်း)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~