ပြိုင်ပွဲအား ဒီဇင်ဘာလ (၁၁)ရက် နှင့် (၁၂)ရက်နေ့ထိ နှစ်ရက်တိတိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆုပေးပွဲနှင့် ညစာစားပွဲကိုတော့ ဒီဇင်ဘာလ (၁၂)ရက်နေ့ ည (၆း၃၀)နာရီအချိန်မှာ ဇန်းမွန်အာခါဟိုတယ်၌ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌ ဆုများအသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ရာ
Hole in One ဆု - ကျပ်ငွေ သိန်း(၂၀)
ပထမဆု - ကျပ်ငွေ (၁၂)သိန်း
ဒုတိယဆု - ကျပ်ငွေ (၆)သိန်း
တတိယဆု - ကျပ်ငွေ (၄)သိန်း
စတုတ္ထ/ပဉ္စမ/ဆဋ္ဌမ/သတ္တမ/အဋ္ဌမ/န၀မ နှင့် ဒဿမဆုများကို - ကျပ်ငွေ (၃)သိန်း
နှစ်သိမ့်ဆု (၄)ဆုအား - ကျပ်ငွေ (၂)သိန်း
ကျင်းနှင့်အနီးဆုံးရိုက်ချက် (၁)ဆု - ကျပ်ငွေ (၁)သိန်း
အဝေးဆုံးရိုက်ချက် (၁)ဆု - ကျပ်ငွေ (၁)သိန်း
စည်းနှင့်အနီးဆုံးရိုက်ချက် (၁)ဆု - ကျပ်ငွေ (၁)သိန်း
စုစုပေါင်း ဆု (၁၉)ဆုကို ပေးအပ်ချီးမြှင့်မည်ဖြစ်ရာ စုစုပေါင်း စုကြေးငွေမှာ ကျပ် (၇၆)သိန်းရှိမှာ ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ နေရာဒေသမရွေး အမြို့မြို့အနယ်နယ်များမှ ဂေါက်သီးရိုက် အားကစားသမားများအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်လိုပါက ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့ နောက်ဆုံးထား၍ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ စာရင်းပေးသွင်းရမှာဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ -
ဦးသက်ဇော်ဝင်း
မြန်မာဖုန်း။ ။ 09-36175911
ထိုင်းဖုန်း။ ။ 080-1272081
ဦးမြင့်ဆွေ
မြန်မာဖုန်း။ ။ 09-5240152
ထိုင်းဖုန်း။ ။ 088-4185201
ဦးစိုင်းရီတစ်(ပ်)
မြန်မာဖုန်း။ ။ 09-5240588
ထိုင်းဖုန်း။ ။ 081-8847073