သုဿန်မြေနေရာသစ်၌ မီးသင်္ဂြိုဟ်စက် ထားရှိရန်အတွက် နိုင်ငံတော်သြ၀ါဒစရိယ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဓမ္မသီရိမှ ဦးဆောင်ပြီး တာချီလိတ်မြို့ရှိ မေတ္တာရှင် (သာရေး/နာရေး) ကူညီမှုအသင်းမှ အသင်းသား အသင်းသူများနှင့် တာချီလိတ်မြို့သူ မြို့သားများ၏ စုပေါင်းအားဖြင့် မီးသွေးဖြင့် သင်္ဂြိုဟ်မည့် သင်္ဂြိုဟ်စက်(၁)လုံး နှင့် လျှပ်စစ်ဖြင့် သင်္ဂြိုဟ်မည့် သင်္ဂြိုဟ်စက် (၁)လုံး စုစုပေါင်း မီးသင်္ဂြိုဟ်စက်(၂)လုံးတို့ကို လှူဒါန်းကြမည်ဖြစ်ရာ သင်္ဂြိုဟ်စက် (၂)လုံး၏ ခန့်မှန်း တန်ဘိုးမှာ ဘတ် သိန်း(၆၀)ရှိကြောင်း သိရသည်။
အဆိုပါ သင်္ဂြိုဟ်စက် (၂)လုံးအတွက် လိုအပ်နေသည့် ငွေကြေးများကို မည်သူမဆို လှူဒါန်းနိုင်မှာဖြစ်ပြီး ရပ်ကွက်အသီးသီးရှိ ရပ်ကွက်ရုံးများတွင်လည်း လှူဒါန်းနိုင်သည့်အပြင် အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်၍ လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။