မယ်ယန်းစစ်ဆေးရေးဂိတ်သည် တာချီလိတ်မှ ကျိုင်းတုံအထွက်၊ ကျိုင်းတုံမှ တာချီလိတ်အ၀င် စသည့် ခရီးသွား ခရီးလာ ယာဉ်များကို စစ်ဆေးမှုများပြုလုပ်နေလျှက်ရှိရာမှာ ယနေ့ ညနေ(၅)နာရီ အချိန်ခန့်မှာ ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ဟွန်ဒါဖစ် အမျိုးအစား အပြာနုရောင် မော်တော်ယာဉ်ပေါ်တွင် လူသုံးဦးလိုက်ပါလာပြီး မသင်္ကာ၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးရာ အလေးချိန် (၁၀)ကီလိုဂရမ်ရှိ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား တစ်သိန်းပြားအား ရှာဖွေတွေ့ရှိရပြီး ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၅၀၀)ခန့် ရှိကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်(ပ)၁၆၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မောင်ကျxx၊ မောင်ကျာxxx နှင့် မောင်ဂျောxx တို့ သုံးဦးအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။