ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မိုင်းကိုးကျေးရွာအုပ်စု ဟိုပုံရွာအတွင်း၌ မူးယစ်ဆေးဝါးများအား လက်လီပြန်လည် ရောင်းချနေမှုကို ခိုင်မာစွာ သတင်းရရှိထားသည့် အတွက် ယနေ့ နံနက်(၆)နာရီအချိန်က အဆိုပါ ကျေးရွာအတွင်းရှိ အိမ်အမှတ်(--)နေ စိုင်းဖီxxx၏ နေအိမ်အား ၀င်ရောက်ရှာဖွေ စစ်ဆေးရာ စိုင်းဖီxxx နှင့်အတူ သားဖြစ်သူ စိုင်းခေါင်xxx တို့အား Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၅)ပြားအား တွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် နံနက် (၆း၁၅)မိနစ်အချိန်ခန့်တွင် ကျေးရွာအတွင်းရှိ ဇော်ဦးxxx၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၇)ပြားအား ၎င်းနှင့်အတူ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
တဆက်တည်းမှာပင် ထပ်မံသတင်းရရှိထားသည့် ရွာအတွင်းမှ စိုင်းထွန်းxx၏ နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးရာ စိုင်းထွန်းxxxအား ကာလတန်ဖိုးငွေ (၅၂)သိန်းဝန်းကျင် တန်ဖိုးရှိ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၉၈)ပြား နှင့် တန်ဖိုးငွေ ကျပ်(၁၂)သိန်းခန့် တန်ဖိုးရှိ အိုက်စ် (၅၄) ဂရမ်အား ရှာဖွေတွေ့ရှိရ၍ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟိုပုံရွာအတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူများဖြစ်သည့် စိတ်ကြွဆေးပြား(၁၅)ပြားနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဖီxxx နှင့် စိုင်းခေါင်xxx တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၆၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ အရ လည်ကောင်း၊ စိတ်ကြွဆေးပြား (၇)ပြားနှင့်အတူ ဖမ်းဆီးရမိသူ ဇော်ဦးxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၆၇/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူဆောင်ရွက်ထားပြီး တဆက်တည်းမှာပင် စိတ်ကြွဆေးပြား ( ၂၀၉၈)ပြား နှင့် အိုက်စ် (၅၄)ဂရမ် တို့နှင့်အတူ ဖမ်းဆီးရမိသူ စိုင်းထွန်းxxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၆၈/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။