ဒီဇင်ဘာလ(၁၆)ရက် ညနေ (၅း၄၅)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆူဒိုအက်ဖီဒရင်း ဆေးပြားများ တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံ ဘက်မှ မောင်းနင်လာသော မတ်တူးကားတစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် ACTIFED စာတမ်းပါ ဆူဒိုအက်ဖီဒရင်း အဖြူရောင်ဆေးပြား ( ၁၇၅ )ပြားအား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ မောင်လှxxxအား မယ(ပ)၁၇၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]