ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၂)ရှိ အာခါဗုဒ္ဓကျောင်းလမ်းအား ယခုအခါမှာ ကတ္တရာအဖြစ် ခင်းကျင်းပြီးသည့်အတွက် လမ်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဒီဇင်ဘာလ(၂၉)ရက်၊ နံနက်ပိုင်းက ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း မှ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး
အဆိုပါ အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်စည်ပင်သာယာရေးမှ အလုပ်အမှုဆောင် ဦးကိုကို တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည်တို့မှ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။
ယင်းကဲ့သို့ မပြုလုပ်မီမှာ တာချီလိတ်မြို့နယ်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~