ဆရာတော်၏ သာသနာနယ်မြေများကို မြေစာရင်းပုံစံ (၁၀၅)နှင့် မြေဂရန်ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်နှင့်အညီ ဆရာတော်ဘုရားကြီး၏ ၀တ္တကမြေနေရာအားလုံးကို ရာသက်ပန် မှတ်တမ်းပြု၍ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း လယ်ယာမြေကော်မရှင် အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် ထံမှ သိရှိရသည်။
မိုင်းဖုန်းဆရာတော်၏ သာသနာပြုရာ နယ်မြေများအား မြေဂရန်ရရှိစေရေးအတွက် လာရောက် ကွင်းဆင်းသည့် လယ်ယာမြေကော်မရှင် အဖွဲ့ခေါင်းဆောင် မိုင်းပျဉ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်သည် ဆရာတော်အား မြန်မာပြည်သို့ ပြန်လည်ကြွခွင့်ရရှိရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် မွေးနေ့ပွဲလွန်မြောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ခေတ္တကြွမြန်းပြီး၊ တာချီလိတ်သို့ ပြန်လည်ကြွရောက်ကာ ရန်ကုန်မှတဆင့် ဗုဒ္ဓဂါယာသို့ ကြွမြန်းမည်ဖြစ်ကြောင်း သိရသော်လည်း သတ်မှတ်ရက်ကိုတော့ မသိရှိသေးကြောင်း ဆရာတော်၏ ဒကာတစ်ဦးထံမှ သိရှိရသည်။