အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဒေသဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်နေမှု ၊
ယခုလ(၂)ရက်နေ့က ၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအား ပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာရှင်အလှူရှင်များမှ ယနေ့အထိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ ထောက်ပံ့ငွေများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၆၄၂၀၀၀ ထောက်ပံ့ပေးထားကြောင်းနှင့် မိုင်းယောင်းစွမ်ဟိန်းဂူဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးစက်ရွှေ က မီးဘေးသင့်အိမ်ထောင်စုများအား ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း၊ မှတ်ပုံတင်များ ပြန်လည်ဆောင်ရွက်ပေးနေမှု တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က ဆောင်ရွက်သင့်သည်များအားပြန်လည်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ခွင့်ပြုရန်ပုံငွေကျပ် (၈၇၅)သိန်းဖြင့် မိုင်းဖြတ်-နမ့်ယွန်း-နမ့်ပန်လမ်းအပိုင်း (၇)မိုင်အရှည် ကျောက်ခင်းလမ်းအမျိုးအစား ဆောင်ရွက်နေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မှီရေးနှင့် အချိန်မီ ပြီးစီးရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။