ဆက်လက်၍ နံနက် ၁၀ နာရီ ခွဲ တွင် အထက-မိုင်းဖြတ်၊ ရွှေလီခန်းမဆောင်၌ အသိပညာပေးဟောပြောပွဲကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ရွှေ က မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရင်ရင်အေး က လူကုန်ကူးမှု နှင့်လူမှောင်ခိုအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ဝေါဗီရှင်(မြန်မာ) တာချီလိတ်မှ ဒေါ်နန်းလီစိုး က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်စိတ်မှူး ရဲအုပ်သန်းဇော်လင်း က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီး ဟောပြောသည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီတွင် ဟိုနားကျေးရွာ၊ ဘုန်းကြီးကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင် ကမှုခင်းကျဆင်းရေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဦး က ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများကိုလည်းကောင်း၊ တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လှဘုန်း က လက်ရှိ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဝေယံလင်း(မိုင်းဖြတ်)