နမ့်ဝိုးထောင်ကျေးရွာသည် တောင်ထိပ်ပေါ်တွင် တည်ရှိနေပြီး ရေတွင်း၊ ရေကန်ဟူ၍ သိုလှောင်ထားမှု မရှိသည့်အတွက် အရေးပေါ် ရေရရှိရေးနှင့် ကျေးရွာအတွင်း သုံးရေများကို အလွယ်တကူရရှိစေရန်အတွက် (၂)လက်မ ရေပိုက်အချောင်း (၅၀)ကို လှူဒါန်းခဲ့ကြောင်းသိသည်။
အဆိုပါအသင်းမှ မကြာသေးမီကာလက စတင်အကောင်အထည်ဖော်လျှက်ရှိသည့် "ဆိုင်းငံ့ဝတ်စုံ"များကို ကျေးရွာသူ/သားများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ "ဆိုင်းငံ့ဝတ်စုံများသည်" မိုင်းဖြတ်မီးဘေးသင့် ရွာသူ/သားများအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စေတနာ နာရေးကူညီမှုအသင်း(ချင်းမိုင်)မှ ပေးအပ်လှုဒါန်းသော အ၀တ်အထည်များနှင့် တာချီလိတ်မြို့မှ ပညာရေးဌာန အပါအ၀င် မြို့ပေါ် စာသင်ကျောင်းများမှ အ၀တ်အထည်များ၊ စေတနာရှင်များမှ လှူဒါန်းသော အ၀တ်အထည်များ စသည်တို့ကို တဆက်တည်း ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းလာသည့်အတွက် ကျေးရွာအတွင်းရှိအကြီးအကဲမှ ရွာသူရွာသားများ ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း နှင့် မီးလောင်ကျွမ်းသွားသော တဲများကိုလည်း ပေးအပ်လှူဒါန်းလာသော ဓါး၊ ပုဆိန်များဖြင့် သစ် ၀ါးများ ခုတ်ထွင်၍ ကြိုးစားဆောက်လုပ်သွားမည်ဖြစ်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ပြောကြားကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်