ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ဦးဆောင်မှုဖြင့် ကျိုင်းတုံမြို့ ပြည်နယ်
အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး နှင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများအဖွဲ့(၂၁)ဦးပါဝင်သည့် နယ်လှည့်ကွင်းဆင်း ဆေးသရေးအဖွဲ့သည် မိုင်းဖြတ်မြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဇန်န၀ါရီ (၁၉)ရက်၊ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သည်။

နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ အထွေထွေရောဂါကုသလူနာ(၂၀၂)ဦး၊အရိုးကုသလူနာ(၁၁၆)ဦး၊ မျက်စိကုသလူနာ(၇၆)ဦး၊ ကလေးလူနာ (၄၆)ဦး၊ ခွဲစိတ်ကုသလူနာ (၃၄)ဦး၊ သွားဘက်ဆိုင်ရာကုသလူနာ(၂၈)ဦး၊ သားဖွားမီးယပ်ကုသလူနာ(၁၉)ဦး စုစုပေါင်း လူနာ(၅၂၁)ဦး တို့အား ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး၊ အထူးကုဆရာဝန်ကြီးများမှ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၁၅၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]