ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အတွင်း၌ ယခု ရက်ပိုင်းအတွင်းက ဆန္ဒပြမှုများအကြား ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်ခြင်းတို့ကြောင့် ဆန္ဒပြသူ (၂၈)ဦး ဒဏ်ရာရရှိပြီး (၇)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ အဆိုပါ (၇)ဦးထဲတွင် ဘန်ကောက်မှ အမျိုးသမီး သတင်းထောက်တစ်ဦး ပါဝင်ကြောင်း သိရသည်။
{ ထိုင်းနိုင်ငံအတွင်း၌ ဆန္ဒပြပြည်သူများ Photo:news.yahoo.com }
ယင်းပစ်ခတ်မှုတွင် အသုံးပြုသော ဗုံးအမျိုးအစားမှာ RGD - 5 ဖြစ်ပြီး အဆိုပါ ဗုံးအမျိုးအစားသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ခြင်းမရှိပဲ နယ်စပ်ဒေသက တရားမ၀င်ထုတ်လုပ်သော ဗုံးအမျိုးအစားဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်များက သုံးသပ်ပြောဆိုသည်ကို ထိုင်းနိုင်ငံထုတ် ဒလီးနယူးသတင်းစာ၌ ရေးသားဖော်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပြည်သူများအနေဖြင့် လာမည့်အပတ်အတွင်း ဒီထက် ပိုမိုလှုပ်ရှား၍ ရှေ့ဆက်တိုးသွားမှာဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ခေါင်းဆောင်က ပြောကြားကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]