ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရဲမင်းကြီး အပ်စော်ဝုန်းယိုင် နှင့် ချင်းမိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့သည့် ဇန်န၀ါရီလ(၂၁)ရက် မွန်းလွဲပိုင်းမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ ချင်းမိုင်မြို့ ရဲအာဏာပိုင်များက မူးယစ်ဆေးဝါး ရောင်းဝယ်သည့်အဖွဲ့ကို အကွက်ဆင်၍ စိတ်ကြွဆေးပြား မျှားဝယ်ရာ မြန်မာနိုင်ငံသား စီစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွဆေးဝါးများ ဖမ်းမိကြောင်း သိရသည်။
{ သတင်းဓါတ်ပုံ : ဒေလီနယူး}
ထိုင်းရဲများက စိတ်ကြွဆေးပြားများအား ၎င်းတို့ကိုယ်တိုင် ဟန်ဆောင်၍ ၀ယ်ယူရာမှ အသက်(၂၇)နှစ်ရှိ မြန်မာနိုင်ငံသား စိုင်းလုံ ထံမှ စိတ်ကြွဆေးပြား အလုံး(၂၀၀)နှင့် .22 သေနတ်တစ်လက်ကိုလည်း ဖမ်းဆီးရရှိကြောင်းနှင့် စိုင်းလုံသည် ချင်းမိုင်မြို့ ပါဒက်ရပ်ကွက်၌ အဆောင်တစ်ဆောင်ငှား၍ စိတ်ကြွဆေးပြား တစ်လုံးကို ဘတ်(၂၀၀) မှ (၂၅၀)ဘတ်ထိ ကိုယ်တိုင်ရောင်းချနေတာဖြစ်ကြောင်း ထိုင်းနိုင်ငံ နေ့စဉ်ထုတ်သတင်းစာမှ ရေးသားဖော်ပြထားသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]