ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀ိန်းကျောက်ရပ်ကွက်၌ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်သိန်းပေါင်း (၆၂)သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအား တရားခံနှင့်အတူ ယနေ့ ဇန်န၀ါရီလ(၂၄)ရက်၊ ညနေ(၅း၃၀)နာရီ အချိန်ခန့်က ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ၀ိန်းကျောက်ရပ်ကွက်၊ အမှတ်(ပတ-xxxx)ရှိ ဒေါ်နန်း၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေ စစ်ဆေးရာမှ အိုက်စ်အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၁၈၇)ဂရမ် နှင့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၇၀)ပြားတို့ကို ရှာဖွေတွေ့ရှိရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ကျပ်(၆၂)သိန်းကျော် တန်ဖိုးရှိကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဒေါ်နန်းအား မယ(ပ)၁၅/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]