ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းဟောပြောပွဲကို နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာခန်းမ၌ ဖေဖော်ဝါရီ (၂) ရက်၊ နံနက် (၁၀)နာရီက ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က အဖွင့်အမှာစကားပြောကြားပြီး တွဲဖက်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းတင့် က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းညွန့်ဝင်းက ရှမ်းဘာသာဖြင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများပါဝင်ဆောင်ရွက်ရေး ဟောပြောပြီး၊ တက်ရောက်လာသည့် ပြည်သူများမှ သိလိုသည့် အချက်များကို မေးမြန်းကြခဲ့ကြသည်။
မေးမြန်းမှုများနှင့် စပ်လျဉ်း၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးစက်ရွှေ နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။ ယင်းနောက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]