ထိုသို့သင်ကြားရာတွင် စာရေးဆရာ ညီမင်းညိုမှ အ.ထ.က(ဆန်ဆိုင်း)၌ ဘိုင်အိုဘာသာရပ်ကို ဦးစွာသင်ကြားပို့ချပေးရာ အ.ထ.က(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နှင့် ဆရာ/မများက လိုအပ်သည်များကို ဆောင်ရွက်ပေးပြီး သင်ကြားမှုကို အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)မှ တက္ကသိုလ်ဝင် ကျောင်းသား/သူများ နှင့် အပြင်ကျောင်းသား/သူ စုစုပေါင်း အယောက်(၃၀၀)ခန့် လာရောက် သင်ယူမှတ်သားခဲ့ကြသည်။
တဆက်တည်းမှာပင် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်နှင့် ဆရာ/မများက လိုအပ်သည်များကို ဆောင်ရွက်ပေးပြီး စာရေးဆရာ ဦးဘုန်း(ဓါတု)မှ ဓါတုဘာသာရပ်ကို သင်ကြားပို့ချရာ အဆိုပါကျောင်းမှ (၉)တန်း နှင့် (၁၀)တန်းကျောင်းသား/သူ အယောက်(၃၀၀)ခန့် သင်ယူမှတ်သားခဲ့ကြသည်။
လွန်ခဲ့သော ၂၀၁၃ခုနှစ် မတ်လ(၂)ရက်နေ့က အဆိုပါ စာရေးဆရာနှစ်ဦးမှပင် တာချီလိတ်မြို့သို့ စာပေဟောပြောပွဲအတွက် ရောက်ရှိလာရင်း ပညာဒါန အစီစဉ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)တွင် ယခုအတိုင်း တာချီလိတ်မြို့နယ်ရှိ တက္ကသိုလ်ဝင်ကျောင်းသား/သူများအား ဘာသာရပ်နှစ်ခုကို သင်ကြားပို့ချပေးခဲ့ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်