ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာ အ၀င်လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ်မှာ တီးမရွာဘက်မှ နမ့်အွမ်ရွာဘက်သို့ အိုက်ခမ်းxxx(ကျား) မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ကျွတ်ကျွတ်အိတ် အတွင်းမှ ဆပ်ပြာခွက်ဖြင့် ထည့်ထားသည့် (၁)ခွက်လျှင် ဘိန်းဖြူအမှုန့် အလေးချိန်(၁၃)ဂရမ်စီပါရှိသည့် ဆပ်ပြာခွက်(၃)ခွက်ရှိပြီး စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် (၈)သိန်းခန့်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အသက်(၂၇)နှစ်ရှိ အိုက်ခမ်းxx(ကျား)အား မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၂၀/၂၀၁၄၊ မူးစိတ် ပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် မူဆယ်မြို့၌ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက် မွန်းလွှဲ(၁း၃၀)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ (၁၀၅)မိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ (၃၉)ဂရမ်ရှိသည့် ဘိန်းဖြူများနှင့်အတူ တရားခံအား ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]