ထိုသို့ ပြုလုပ်ရာမှာ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး ဝှေလေလန်မူလွန်ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝင်းလှနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ ၊မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းနှင့်ကျေးရွာသူကြီးများ၊ကျောင်းအကျိုးဆောင်အဖွဲ့များနှင့် မိဘများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားပြီး မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှက အခမ်းအနားကျင်းပရခြင်းနှင့်မူလတန်းဆင့် ပြီးမြောက်သည့်ကျောင်းသား၊ ကျောင်းသူများအား ပညာဆုံးခန်းတိုင်ပြီးမြောက်ရေးအတွက် မှာကြားဆုံးမစကား ပြောကြားသွားသည်။
ထို့နောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းက ပညာရေးဆိုင်ရာ အားပေးစကားပြောကြားပြီး အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ ချီးမြှင့်ပွဲတွင် ပန်းများဝေစီပွင့်နေပြီ သီချင်းဖြင့် ဝှေလေလန်မူလွန် ကျောင်းသားကျောင်းသူလေးများက အားပေးသီဆိုခဲ့ကြသည်။
မူလတန်းအဆင့် ပြီးမြောက်သည့် ကျောင်းသားကျောင်းသူလေးများက မြန်မာကျောင်းသီချင်းအား တီးလုံးဖြင့် သံပြိုင်သီဆိုခြင်း၊ မိုင်းဖုန်း(ခ)ကျောင်းမိသားစုကျောင်းများမှ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံပြီး အခမ်းအနားကို နံနက်(၁၁း၃၀)တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရသည်။