အဆိုပါ ဖွင့်ပွဲတွင် ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများနှင့် သင်တန်းတွင် တက်ရောက်မည့် ဆရာ/မ များတက်ရောက်လာကြရာ တာချီလိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး တာချီလိတ်ခရိုင် လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်က သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့သည်။
တာချီလိတ်ခရိုင် လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် မှ " သန်းခေါင်စာရင်းဆိုတာနဲ့ ပြည်သူများ သိကြသော ပုံစံ(၁၀)၊ ပုံစံ ၆၆/၆(အိမ်ထောင်စုလူဦးရေစာရင်း)တို့နှင့် မတူညီကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းအားဖြင့် ဒေသအလိုက် စီမံကိန်းများကို ဆောင်ရွက်ရာမှာ လိုအပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ထိ လူဦးရေဆိုင်ရာ အချက်အလက်များအား ရရှိနိုင်မှာ ဖြစ်ကြောင်း နှင့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များသည် စီမံကွပ်ကဲအုပ်ချုပ်မှုများ အတွက် သာမက စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရန်အတွက်လည်း လိုအပ်ကြောင်း" ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ "စာရင်းကောက်/စာရင်းစစ်များ အနေဖြင့် စာရင်းကောက်ယူရာတွင် လွယ်ကူမှန်ကန်စေရေး အတွက် သင်တန်းပို့ချပေးမှုကို ဂရုစိုက် လေ့လာသင်ကြားစေချင်ကြောင်း၊ သင်တန်းတက်ရောက်ရာမှ မိမိအနေနှင့် မရှင်းလင်းသည်များကို မေးမြန်းစေလိုကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းပုံစံ အနေဖြင့် (၂)မျိုး ရှိကြောင်း၊ အိမ်ထောင်စုမေးခွန်းပုံစံမှာ မေးခွန်း(၄၁)ခု ရှိပြီး အဖွဲ့အစည်း မေးခွန်းပုံစံမှာ မေးခွန်း(၁၁)ခု ရှိကြောင်း နှင့် စာရင်းကောက်များ အနေဖြင့် စာရင်းကောက်လုပ်ငန်းများကို မဆောင်ရွက်မှီမှာ မိမိကောက်ယူရမည့် ကောက်ကွက် ဧရိယာအတွင်းရှိ အဆောက်အဦ တည်နေရာများကို သိရှိရန်အတွက် လေ့လာစစ်ဆေးဖို့လိုကြောင်း" တာချီလိတ်ခရိုင် လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် မှ ရှင်းလင်းပြောကြားခဲ့သည်။
ယခုဖွင့်လှစ်လိုက်သော အဆိုပါ သင်တန်းတွင် ဆရာမ (၃)ဦးမှ ပြန်လည် ဆင့်ပွား၍ သင်ကြားပို့ချရာ ဆရာ/မ (၁၈)ဦးမှ တက်ရောက်သင်ယူကြပြီး သင်တန်းကာလအား ယနေ့ မတ်လ(၆)ရက်မှ မတ်လ(၁၁)ရက်နေ့ထိ (၆)ရက် သတ်မှတ်ထားကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်