ကမ်းပါးထိန်းနံရံပြုလုပ်ရန်အတွက် ကုန်ကျမှု ငွေကြေးနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများထဲမှ ကျပ်ငွေ သိန်း(၅၀)ကို မတည်၍ ပြုလုပ်နေတာဖြစ်ပြီး အဆိုပါ ငွေကြေးဖြင့် မလုံလောက်ပါက ပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေ နှင့် တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီ၏ ရန်ပုံငွေများထဲမှ အသုံးပြု၍ အဆိုပါ ကမ်းပါးအား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကမ်းပါးထိန်းနံရံကျောက်ကြီးစီခြင်းကို တာချီလိတ်မြို့နယ် ဆည်မြောင်း ဦးစီးအရာရှိ ဦးဟန်ထွန်းမှ ကြီးကြပ်ဆောင်ရွက်နေပြီး ယနေ့ မတ်လ(၇)ရက် နေ့လည် (၁၁း၂၀)နာရီအချိန်က တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ လွယ်တော်ခမ်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးနေအောင်တို့မှ လိုအပ်သည်များကို စေ့စပ်ပူးပေါင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ကမ်းပါးထိန်းပြုလုပ်နေမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
မိုးတွင်းအခါ၌ အဆိုပါနေရာအား ထပ်မံ၍ ရေတိုက်စားမှုကြောင့် ကမ်းပါးမပြိုစေရန်အတွက် ကျောက်ကြီးများဖြင့် စီကာ အခိုင်အမာ ပြုလုပ်သွားမှာဖြစ်ပြီး ယခုပြုလုပ်နေသော ကမ်းပါးထိန်းဆောင်ရွက်မှုသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများထဲမှ တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်