အင်္ဂလိပ်စကားပြောသင်တန်းတွင် ဆရာ ဦးအားငို နှင့် ဆရာမ ဒေါ်အေးအေးဝင်း တို့မှ သင်ကြားပို့ချ ပေးပြီး သင်တန်းသားများ အနေဖြင့် ကျောင်းသား ကျောင်းသူ (၅၃)ဦးရှိပြီး ကွန်ပျူတာသင်တန်းတွင် ဆရာ ဦးအံ့ထူးသော် နှင့် ဆရာ ဦးကျော်ငြိမ်းအောင် တို့မှ သင်ကြားပေးရာ သင်တန်းသား/သူ (၅၀)ဦး ရှိကြောင်း သိရသည်။
ဆက်လက်၍ ကရာတေးပညာ နှင့် မြန်မာ့သိုင်းပညာတို့ကို နည်းပြဆရာများအဖြစ် ဦးတင်မောင်လှ၊ ဦးညီလှအောင် နှင့် ဦးဌေးအောင်တို့မှ သင်ကြားပေးပြီး သင်တန်းသား/သူ (၄၀)ဦးရှိကြောင်း သိရသည်။
တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သင်ကြား ပို့ချပေးသော ၂၀၁၄ခုနှစ် နွေရာသီ အခမဲ့သင်တန်းတွင် ကရာတေးပညာ၊ မြန်မာ့သိုင်းပညာ၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း စသည့် သင်တန်းတို့တွင် တက်ရောက် သင်ယူသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၃) ဦးရှိကြောင်း သိရှိရသည်။