လက်ရှိတွင် တာချီလိတ်မြို့၌ အကြောင်းအမျိုးမျိုးကြောင့် ဌာနမှ ယာယီပိတ်ထားမှုကို ခံထားရသည့် ဖုန်းလိုင်းများအနေဖြင့် GSM တယ်လီဖုန်း (၇၃)လုံး နှင့် ကြိုးဖုန်း (၄၃)လုံး စုစုပေါင်း ပိတ်ခံထားရသည့် တယ်လီဖုန်း စုစုပေါင်း (၁၁၆)လုံးရှိကြောင်း သိရသည်။
ပိတ်ခံထားရသော တယ်လီဖုန်းများ၏ ဖုန်းခေါ်ဆိုခ ကြွေးကျန်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် ၂၃.၃.၂၀၁၄နေ့ နေ့ဆုံးထား၍ ပေးသွင်းမှသာ မိမိတို့၏ ဖုန်းလိုင်းပြန်လည် ပွင့်လာမှာဖြစ်ပြီး ၎င်းတို့ သတ်မှတ်ထားသည့် နေ့ရက်ကျော်လွန်သွားပါက ဖုန်းလိုင်းအား အပြီး ပိတ်သိမ်းသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။။
တာချီလိတ်မြို့မှ ပိတ်ခံထားရသော ဖုန်းစာရင်းများကို အောက်ဖော်ပြပါ စာရင်းများ၌ ကြည့်ရှုနိုင်ပြီး စာရင်းတွင် ပါရှိသော ဖုန်းနံပါတ်များသည့် လက်ကျန်ငွေပေးသွင်းပြီးမှသာ ဖုန်းလိုင်းပွင့်မည်ဖြစ်ကြောင်း သိရှိရသည်။