သည့်အတွက်လည်း ဒေသအာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနများမှ နှစ်စဉ်ငွေကြေး အမြောက်အများ အကုန်အကျခံကာ ရေနှုတ်မြောင်းများ ဆယ်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိသော်လည်း "ပလိုင်းပေါက်နှင့် ဖါးကောက်နေရသလိုပင်"၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကြောင့် အမှိုက်ပိတ်ဆို့မှုကတော့ အမြဲလိုပင် ဖြစ်ပေါ်နေပေသည်။ စည်ပင်ဌာနမှ ရေနှုတ်မြောင်းများ အတွင်း မကြာမကြာ သန့်ရှင်းရေး ဆောင်ရွက်ပါသည်။ သို့သော်လည်း သန့်ရှင်းရေးဆောင်ရွက်ပြီး နာရီပိုင်းအတွင်းမှာပင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်သူများကြောင့် အမှိုက်များကတော့ ရေချောင်းအတွင်း မြင်မကောင်းအောင် ပိတ်ဆို့မြဲပင်။
မြို့ရွာသန့်ရှင်း သာယာလှပရေးအတွက် စည်ပင်ဌာနတွင် တာဝန်ရှိသည်မှာ မှန်ပါသည်။သို့ပါသော်လည်း လက်သည်ကိုပဲ အားကိုးလို့မရ ၊ ကိုယ်ကလဲ ညှစ်ပေးရမည် ဆိုစကားသို့ပင် ပြည်သူလူထုမှလည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့တာဝန်ရှိပါသည်။
မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော ရေချောင်းများသည် အမှိုက် စွန့်ပစ်ရန် နေရာမဟုတ်ပါ။ သို့သော်လည်း နိုင်ငံကြီးသား မပီသသူအချို့၏ တာဝန်မဲ့မှု စည်းကမ်းမရှိမှု ထို့ကြောင့် အမှိုက်များ ပိတ်ဆို့နေမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခဲ့သော် ပြည်သူအများသာ ထိခိုက်နစ်နာ ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် မြို့တွင်းသာယာလှပမှုကို အထောက် အကူပြုပေးနေသော ရေချောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် တာချီလိတ်မြို့သူ မြို့သားအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ အထူးသဖြင့် ရေချောင်းဝဲ-ယာများတွင် နေထိုင်ကြသူများ အနေဖြင့် လွယ်လင့်တကူ စည်းကမ်းမဲ့စွာဖြင့် ရေချောင်းအတွင်း အမှိုက်များစွန့်ပစ်ခြင်း မပြုကြပဲ မိမိတို့နေအိမ်မှထွက်ရှိသော အမှိုက်များအား စနစ်တကျထုပ်ပိုးထားရှိပြီး အမှိုက်သိမ်းကားများလာသည့် အခါ စွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံလိုပါသည်။
ထို့အတူပင် မြို့တွင်းအမှိုက်သိမ်းတာဝန်ယူထားသည့် စည်ပင်ဌာနနှင့် ပုဂ္ဂလိက အမှိုက်သိမ်း ယာဉ်များမှလည်း နေ့စဉ်အချိန်မှန်မှန် အမှိုက်သိမ်းယူခြင်းဖြင့် ပြည်သူများစည်းကမ်းရှိရှိ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အကျင့် ရရှိအောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ရေးသားလိုက်ရပါသည်။